လေသည် တောင်ဘက်သို့တိုက်ပြီးလျှင် မြောက်ဘက်သို့ပြန်လှည့်တတ်၏။ လေသည် လှည့်၍လှည့်၍တိုက်ပြီးလျှင် မိမိပတ်လမ်းကြောင်းအတိုင်းပြန်လှည့်လာတတ်၏။
ဒေသနာကျမ်း။ 1:7 - မြန်မာ့စံမီသမ္မာကျမ်း မြစ်အားလုံးသည် ပင်လယ်ထဲသို့စီးဆင်းကြ၏။ သို့ရာတွင် ပင်လယ်သည် မည်သည့်အခါမျှ မပြည့်တတ်။ မြစ်တို့သည် မိမိတို့စီးဆင်းလာရာအရပ်သို့ ပြန်သွား၍ တစ်ဖန်စီးဆင်းတတ်၏။ Common Language Bible ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။ Garrad Bible ရှိ သ မျှ သော မြစ် ချောင်း သည်၊ သ မု ဒ္ဒ ရာ ထဲ သို့ စီး ဝင် သော် လည်း၊ သ မု ဒ္ဒ ရာ မ ပြည့် မ လျှံ။ ထွက် စီး ရာ အ ရပ် သို့ ပြန် ရောက် တတ် ၏။ Judson Bible ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။ |
လေသည် တောင်ဘက်သို့တိုက်ပြီးလျှင် မြောက်ဘက်သို့ပြန်လှည့်တတ်၏။ လေသည် လှည့်၍လှည့်၍တိုက်ပြီးလျှင် မိမိပတ်လမ်းကြောင်းအတိုင်းပြန်လှည့်လာတတ်၏။
ခပ်သိမ်းသောအရာတို့သည် မပြောပြနိုင်အောင် ပင်ပန်းငြီးငွေ့ဖွယ်ကောင်း၏။ မျက်စိသည် ကြည့်၍ဝသည်ဟူ၍မရှိ။ နားသည်လည်း နားထောင်၍အလိုပြည့်ဝသည်ဟူ၍မရှိ။