ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ဒေသနာကျမ်း။ 1:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဉာဏ်ပညာများပြားသောအခါ ပူဆွေးခြင်းလည်း များပြား၏။ အသိပညာတိုးပွားသောအခါ ဒုက္ခဝေဒနာလည်း တိုးပွား၏။ Common Language Bible အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။ Garrad Bible အ ဘယ့် ကြောင့် ဆို သော်၊ များ စွာ သော ပ ညာ ၌၊ ပူ ဆွေး ခြင်း များ စွာ ရှိ သည် နှင့်၊ အ သိ ပ ညာ ကို တိုး ပွား စေ သူ လည်း၊ ပူ ပန် ခြင်း ကို တိုး ပွား စေ သ တည်း။ Judson Bible အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။ |
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
သင်သည် လွန်ကဲစွာမဖြောင့်မတ်နှင့်။ ဉာဏ်ပညာလည်း အလွန်အကျွံမရှိစေနှင့်။ အဘယ်ကြောင့် သင့်ကိုယ်သင်ဖျက်ဆီးလိုသနည်း။