အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏ဟု ဒေသနာဆရာဆို၏။
ဒေသနာကျမ်း။ 1:14 - မြန်မာ့စံမီသမ္မာကျမ်း နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ Common Language Bible နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။ Garrad Bible နေ အောက် တွင် ပြု လုပ် သ မျှ သော အ မှု များ ကို ငါ မြင် ရ သည် မှာ၊ အ ရာ ခပ် သိမ်း ပင် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။ Judson Bible နေအောက်မှာ ပြုလေသမျှသော အမှုအရာတို့ကိုငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏။ |
အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏ဟု ဒေသနာဆရာဆို၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
လက်တစ်ဆုပ်စာအေးချမ်းမှုသည် လက်ခုပ်တစ်ခုပ်စာကြိုးပမ်းအားထုတ်မှုနှင့် လေကိုလိုက်ဖမ်းခြင်းတို့ထက် ပို၍ကောင်း၏။
မျက်စိဖြင့်မြင်ရခြင်းသည် စိတ်ကူးယဉ်နေခြင်းထက် ပို၍ကောင်း၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ