ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
ဒေသနာကျမ်း။ 1:10 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဤအရာသည် အသစ်ဖြစ်၏ဟု ဆိုနိုင်သောအရာတစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ရှေးက ဖြစ်ခဲ့ပြီးသောအရာ၊ ငါတို့မရှိမီကဖြစ်ခဲ့ပြီးသောအရာဖြစ်၏။ Common Language Bible ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။ Garrad Bible ကြည့် ပါ လော့။ ဤ အ မှု ကား၊ အ သစ် တည်း ဟု ဆို ကြ လျှင်၊ ထို အ မှု သည် ငါ တို့ အ ရင်၊ အ တိတ် ကာ လ က ပင် ဖြစ် နှင့် ခဲ့ ပြီ။ Judson Bible ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာတစ်စုံတစ်ခု ရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဖူးပြီ။ |
ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
ဖြစ်ပြီးသောအရာသည် တစ်ဖန်ပြန်ဖြစ်လာလိမ့်မည်။ ပြုပြီးသောအရာကိုလည်း တစ်ဖန်ပြန်၍ပြုလိမ့်မည်။ နေအောက်တွင် အသစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။
ရှင်ဘုရင်နောက်မှပေါ်ထွန်းလာသောသူသည် မည်သည့်အရာကိုပြုနိုင်သနည်း။ ထိုရှင်ဘုရင်ပြုပြီးသောအရာကိုသာပြုနိုင်၏။ ထို့ကြောင့် ငါသည် ဉာဏ်ပညာကိုလည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပြန်၍ဆန်းစစ်ကြည့်၏။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။