စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
ထွက်မြောက် 9:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုကျပ်ခိုးသည် အမှုန့်ဖြစ်သွား၍ အီဂျစ်ပြည်တစ်ပြည်လုံးလွှမ်းသွားပြီး အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။- Garrad Bible ထို ကျပ် ခိုး သည် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မြူ မုန့် ဖြစ်၍ ၎င်း ပြည် တစ် ဝှမ်း လုံး လူ နှင့် တိ ရ စ္ဆာန် များ၌ ပြည် တည် သော အ နာ စိမ်း ပေါက် လိမ့် မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထိုပြာသည် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တစ်လျှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့်မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အတိုင်း၊ |
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
ထို့ကြောင့် သူတို့သည် မီးပြင်းဖိုမှကျပ်ခိုးကိုယူပြီး ဖာရောမင်းကြီး၏ရှေ့၌ရပ်လေ၏။ မောရှေသည်လည်း ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လေရာ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် မီးပြင်းဖိုမှကျပ်ခိုးကို သင်တို့၏လက်ခုပ်နှင့်အပြည့်ယူလော့။ ထို့နောက် မောရှေသည် ဖာရောမင်းကြီး၏မျက်မှောက်၌ ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လော့။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။