အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 9:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ မြို့ပြင်​သို့​ထွက်သွား​၍ သူ​၏​လက်​ကို ထာဝရဘုရား​ထံသို့​ဖြန့်​လျှင် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​ရပ်​သွား​၍ မြေ​ပေါ်သို့ မိုး​မ​ရွာ​တော့​ပေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​၍ မြို့​ပြင်​သို့ သွား​ပြီး​လျှင်​လက်​များ​ကို​မြှောက်​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မိုး​ကြိုး​သံ​နှင့် မိုး​သီး​များ​စဲ​လေ​၏။ မိုး​လည်း​ရပ်​စဲ​သွား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မော ရှေ သည် ဖာ ရော မင်း ထံ မှ မြို့ ပြင် သို့ ထွက် သွား ပြီး လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် လက် အုပ် ချီ သ ဖြင့် မိုး ကြိုး သံ၊ မိုး သီး အ ကျ စဲ၍ မြေ ပေါ် သို့ မိုး မ ရွာ။

အခန်းကိုကြည့်ပါ။

Judson Bible

မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 9:33
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်


ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​ထွက်သွား​ကြ​၏​။ ဖာရော​မင်းကြီး​အပေါ်​၌ ဖား​များ​ကျရောက်​စေ​တော်မူ​သော​အမှု​ကြောင့် မောရှေ​သည် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


မောရှေ​က​လည်း “​အကျွန်ုပ်​သည် မြို့​ထဲမှ​ထွက်​သည်​နှင့် ထာဝရဘုရား​ထံသို့ အကျွန်ုပ်​၏​လက်​ကို​ဖြန့်​ပါ​မည်​။ ထာဝရဘုရား​သည် မြေကြီး​ကို​ပိုင်​တော်မူ​ကြောင်း အရှင်​သိ​စေရန် မိုးချုန်းသံ​များ​ရပ်​၍ မိုးသီး​လည်း ကျ​တော့​မည်​မ​ဟုတ်​။


ဂျုံ​နှင့်​ပန်းဂျုံ​တို့​မူကား ကောက်နှောင်း​ဖြစ်၍ ၎င်း​တို့​ကို မိုးသီး​မ​ထိ​။​)


ဖာရော​မင်းကြီး​သည် ထိုသို့​မိုး​မ​ရွာ​၊ မိုးသီး​နှင့် မိုးချုန်းသံ​များ​လည်း​ရပ်စဲ​သွား​သည်​ကို သိမြင်​လျှင် တစ်ဖန်​ပြစ်မှား​၍ သူ​နှင့်​သူ​၏​အမှုထမ်း​တို့​သည် စိတ်နှလုံး​ခိုင်မာ​လျက်​ရှိ​၏​။