(မုယောပင်သည် အနှံထွက်လျက်၊ ဗီသွာပင်များသည်လည်း ဖူးပွင့်လျက်ရှိ၏။ မုယောပင်နှင့်ဗီသွာပင်များကို မိုးသီးထိ၏။
မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
မု ယော ပင် သည် အ သီး အ နှံ ထွက် ပြီ၊ ပိုက် ဆံ ပင် လည်း ဖူး ပြီ ဖြစ်၍ ၎င်း အ ပင် များ ကို မိုး သီး ဘေး ထိ ရောက် ၏။
ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန်ပင်လည်းအသီးမှည့်ပြီ။
ဂိဗောင်မြို့သားတို့လက်သို့ အပ်လိုက်သဖြင့် ဂိဗောင်မြို့သားတို့သည် သူတို့ကို ထာဝရဘုရားရှေ့တော် တောင်ပေါ်တွင်ကြိုးဒဏ်ပေး၏။ သူတို့သည် သီးနှံရိတ်သိမ်းချိန် မုယောစပါးစတင်ရိတ်သိမ်းသော ပထမရက်တွင် အသတ်ခံရ၍ ခုနစ်ဦးစလုံး ပြိုင်တူသေကြလေ၏။
ဂျုံနှင့်ပန်းဂျုံတို့မူကား ကောက်နှောင်းဖြစ်၍ ၎င်းတို့ကို မိုးသီးမထိ။)
“လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
ဤသို့ဖြင့် နောမိသည် သူ၏ချွေးမ မောဘအမျိုးသမီးရုသနှင့်အတူ မောဘပြည်မှ ပြန်လာ၍ မုယောစပါးရိတ်သိမ်းစအချိန်တွင် ဗက်လင်မြို့သို့ ရောက်လာကြလေ၏။
ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။