သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သင်္ဘောသဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
ထွက်မြောက် 9:25 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။ Common Language Bible အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။- Garrad Bible အိ ဂျစ် ပြည် တစ် ဝှမ်း လုံး လယ် ပြင်၌ ရှိ သ မျှ လူ သူ တိ ရ စ္ဆာန် များ ကို လည်း ကောင်း၊ လယ် ပြင် ရှိ ကောက် ပင် ပဲ ပင် ခပ် သိမ်း ကို လည်း ကောင်း မိုး သီး ဘေး ထိ ရောက် သည့် ပြင် သစ် ပင် အ ပေါင်း ကို လည်း ချိုး ဖျက် လေ ၏။ Judson Bible အဲဂုတ္တုပြည်တစ်လျှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုးသီးထိလေ၏။ |
သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သင်္ဘောသဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
ထို့ကြောင့် သင်၏တိရစ္ဆာန်များနှင့် လယ်ထဲရှိသင်ပိုင်သောအရာအားလုံးတို့ကို လုံခြုံရာသို့သိမ်းဆည်းရန် ယခုပင်အမိန့်ပေးလော့။ အိမ်သို့မခေါ်ဆောင်လာသည့် လယ်၌ရှိသမျှသောလူနှင့်တိရစ္ဆာန်တို့အပေါ်သို့ မိုးသီးကျ၍ သေကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်တစ်ပြည်လုံး၌ မိုးသီးသည်းထန်စွာရွာကျ၍ မိုးသီးကြားမှမီးလျှံများထွက်နေသည့်အဖြစ်မျိုး အီဂျစ်ပြည်တည်ချိန်မှစ၍ တစ်ခါမျှ မဖြစ်ဖူးချေ။
နောက်တစ်နေ့၌ ထာဝရဘုရားသည် ထိုအမှုကိုပြုတော်မူသဖြင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်ရှိသမျှတို့သည် သေကြကုန်၏။ သို့ရာတွင် အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန် တစ်ကောင်မျှမသေ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။