ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
ထွက်မြောက် 9:24 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံး၌ မိုးသီးသည်းထန်စွာရွာကျ၍ မိုးသီးကြားမှမီးလျှံများထွက်နေသည့်အဖြစ်မျိုး အီဂျစ်ပြည်တည်ချိန်မှစ၍ တစ်ခါမျှ မဖြစ်ဖူးချေ။ Common Language Bible ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။- Garrad Bible အိ ဂျစ် လူ မျိုး ဖြစ် ထွန်း စ ကာ လ မှ ထို ပြည် တစ် ဝှမ်း လုံး တွင် မ ကျ စ ဘူး၊ အ လွန် သည်း စွာ သော မိုး သီး လောင် မီး ရော လျက် ကျ လေ ၏။ Judson Bible အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တစ်ခါမျှမဖြစ်ဖူး သော မိုးသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုးသီးဖြစ်လေ၏။ |
ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် မိမိအသံကို မိုးသီးနှင့်တောက်လောင်သောမီးခဲများနှင့်တကွ လွှင့်တော်မူ၏။
သင်၏နန်းဆောင်များ၊ သင့်အမှုထမ်းအပေါင်းတို့၏အိမ်များနှင့် အီဂျစ်လူမျိုးအပေါင်းတို့၏အိမ်များ၌ ပြည့်နှက်ကြလိမ့်မည်။ မြေပေါ်မှာ သင်၏ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သောအချိန်မှစ၍ ယနေ့အချိန်အထိ ဤသို့သောအမှုကို သူတို့မြင်တွေ့ဖူးကြမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးထံမှ လှည့်ထွက်သွားလေ၏။
အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။
ထိုအခါ မောရှေသည် မိမိ၏တောင်ဝှေးကို မိုးကောင်းကင်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် မိုးချုန်းသံများနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်သို့ကျလာ၏။ ထာဝရဘုရားသည် အီဂျစ်ပြည်အပေါ်သို့ မိုးသီးကို ရွာကျစေတော်မူ၏။
အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။
အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။