ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ထွက်မြောက် 9:20 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီး၏အမှုထမ်းများထဲမှ ထာဝရဘုရားမိန့်တော်မူသောစကားကိုကြောက်ရွံ့သောသူတို့သည် မိမိတို့၏ကျွန်များနှင့် မိမိတို့၏တိရစ္ဆာန်များကို အိမ်ထဲသို့ အမြန်ဝင်စေကြ၏။ Common Language Bible ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။- Garrad Bible ဖာ ရော မင်း၏ ကျေး ကျွန် တို့ အ နက် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ကြောက် ရွံ့ သူ တို့ သည် ကိုယ့် ကျွန် နှင့် တိ ရ စ္ဆာန် များ ကို အိမ် သို့ နှင် သွင်း ကုန် ၏။ Judson Bible ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ပြေးစေကြ၏။ |
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
နောက်တစ်နေ့၌ ထာဝရဘုရားသည် ထိုအမှုကိုပြုတော်မူသဖြင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်ရှိသမျှတို့သည် သေကြကုန်၏။ သို့ရာတွင် အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန် တစ်ကောင်မျှမသေ။
နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။