လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။
ထွက်မြောက် 8:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ယင်ရဲများသည် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းများ၊ သူ၏လူများထံမှ တစ်ကောင်မျှမကျန်ထွက်သွားလေ၏။ Common Language Bible ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား လည်း မော ရှေ့ ပ ဌ နာ စ ကား အ ရ စီ ရင် လျက် မှက် များ ကို ဖာ ရော မင်း စ သော ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ မှ တစ် ကောင် မျှ မ ကျန် ပယ် ရှား တော် မူ ၏။ Judson Bible ထာဝရဘုရားသည်လည်း၊ မောရှေစကားကိုနားထောင်၍ ယင်ရဲတို့ကို ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တစ်ကောင်မျှမကျန်စေခြင်းငှာ ပယ်ရှားတော်မူ၏။ |
လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်လျှင် ငါသည် သင်မှစ၍ သင်၏အမှုထမ်းများနှင့် သင်၏လူများပေါ်သို့လည်းကောင်း၊ သင်၏နန်းဆောင်များထဲသို့လည်းကောင်း ယင်ရဲတို့ကို စေလွှတ်မည်။ အီဂျစ်လူမျိုးတို့၏အိမ်များနှင့် သူတို့နေထိုင်သောမြေသည်လည်း ယင်ရဲတို့နှင့် ပြည့်နှက်လိမ့်မည်။
သို့ရာတွင် ဖာရောမင်းကြီးသည် ဤတစ်ကြိမ်၌လည်း စိတ်နှလုံးခိုင်မာပြန်၍ အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေလေ၏။
ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။