ဖာရောမင်းကြီးကလည်း “တောကန္တာရထဲ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် သင်တို့ကို ငါလွှတ်ပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရ။ ငါ့အတွက်လည်းဆုတောင်းပေးကြလော့”ဟု ဆိုလေ၏။
ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
ဖာ ရော မင်း က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တော တွင် ပူ ဇော် ရန် ငါ လွှတ် အံ့။ သို့ သော် လည်း ဝေး စွာ မ သွား ကြ ရ။ ငါ့ အ ဖို့ တောင်း ပန် လော့ ဟု မိန့် ဆို လေ ၏။
ဖာရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကိုငါပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရကြ။ ငါ့အဖို့တောင်းပန်လော့ဟု မိန့်တော်မူ၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
သို့မှ သူတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ အမွှေးနံ့သာကို ပူဇော်၍ ရှင်ဘုရင်နှင့် သူ၏သားသမီးများကောင်းစားဖို့ ဆုတောင်းပေးနိုင်မည်ဖြစ်၏။
ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင်
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထိုအခါ မောရှေက “အကျွန်ုပ်သည် အရှင်မင်းကြီးထံမှ ထွက်သွား၍ မနက်ဖြန်နေ့၌ ယင်ရဲတို့သည် အရှင်ဖာရောမင်းကြီးမှစ၍ အမှုထမ်းများ၊ ပြည်သူပြည်သားများထံမှ ထွက်သွားမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပါမည်။ သို့ရာတွင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အရှင်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေခြင်းဖြင့် ထပ်၍မလှည့်စားပါနှင့်”ဟု လျှောက်လေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။
ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။