ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ထွက်မြောက် 8:21 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်လျှင် ငါသည် သင်မှစ၍ သင်၏အမှုထမ်းများနှင့် သင်၏လူများပေါ်သို့လည်းကောင်း၊ သင်၏နန်းဆောင်များထဲသို့လည်းကောင်း ယင်ရဲတို့ကို စေလွှတ်မည်။ အီဂျစ်လူမျိုးတို့၏အိမ်များနှင့် သူတို့နေထိုင်သောမြေသည်လည်း ယင်ရဲတို့နှင့် ပြည့်နှက်လိမ့်မည်။ Common Language Bible သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။- Garrad Bible လူ မျိုး တော် ကို မ လွှတ် နေ လျှင် သင် မှ စ၍ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ အ ပေါ် သို့ လည်း ကောင်း၊ နန်း တော် ဆောင် များ ထဲ သို့ လည်း ကောင်း၊ မှက် များ ကို ငါ စေ လွှတ် သ ဖြင့် အိ ဂျစ် လူ တို့ နေ အိမ် နှင့် တ ကွ တည် နေ ရာ မြေ လည်း မှက် ကောင် များ နှင့် ပြည့် လိမ့် မည်။ Judson Bible မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့်ရှိရလိမ့်မည်။ |
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
သင်၏နန်းဆောင်များ၊ သင့်အမှုထမ်းအပေါင်းတို့၏အိမ်များနှင့် အီဂျစ်လူမျိုးအပေါင်းတို့၏အိမ်များ၌ ပြည့်နှက်ကြလိမ့်မည်။ မြေပေါ်မှာ သင်၏ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သောအချိန်မှစ၍ ယနေ့အချိန်အထိ ဤသို့သောအမှုကို သူတို့မြင်တွေ့ဖူးကြမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးထံမှ လှည့်ထွက်သွားလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
ထာဝရဘုရားသည် ထိုအတိုင်းပြုတော်မူသဖြင့် မြောက်မြားစွာသောယင်ရဲတို့သည် ဖာရောမင်းကြီး၏နန်းတော်မှစ၍ သူ့အမှုထမ်းတို့၏အိမ်များနှင့် အီဂျစ်ပြည်အနှံ့ ဝင်ရောက်ကြ၏။ ယင်ရဲများကြောင့် တစ်ပြည်လုံးသည် ပျက်စီးလေ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။