“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
တစ် စုံ တစ် ရာ သော သက် သေ နိ မိတ် ကို ပြ ကြ လော့ ဟု ဖာ ရော မင်း ဆို လျှင် တောင် ဝေး ကို မြွေ ဖြစ် အံ့ သော ငှါ ကိုင် ယူ၍ ရှေ့ တော် တွင် ချ စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟု မိန့် တော် မူ ၏။
ဖာရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသောတန်ခိုးကိုပြလော့ဟုဆိုလျှင်၊ သင်၏လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
ကိုယ်တော်ကလည်း “တောင်ဝှေးကို မြေပေါ်သို့ ပစ်ချလော့”ဟု မိန့်တော်မူလျှင် သူသည် မြေပေါ်သို့ ပစ်ချ၏။ ထိုအခါ တောင်ဝှေးသည် မြွေဖြစ်သွားသဖြင့် မောရှေသည် ထိုမြွေရှေ့မှ ထွက်ပြေးလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
ထိုအခါ မောရှေသည် မိမိ၏တောင်ဝှေးကို မိုးကောင်းကင်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် မိုးချုန်းသံများနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်သို့ကျလာ၏။ ထာဝရဘုရားသည် အီဂျစ်ပြည်အပေါ်သို့ မိုးသီးကို ရွာကျစေတော်မူ၏။
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ နိုင်းမြစ်ကိုငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုလျက် မြစ်ချောင်းထဲတွင် လဲလျောင်းနေသောသတ္တဝါကြီး၊ သင့်ကို ငါဆန့်ကျင်မည်။
ကိုယ်တော်ကလည်း“ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။
သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။