ကောင်းကင်တမန်ကလည်း “သင်တောင်းဆိုသော ဤအချက်ကိုလည်း ငါလိုက်လျော၍ သင်ပြောသောမြို့ကို မဖြိုလှဲဘဲနေမည်။
ထွက်မြောက် 7:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။ Common Language Bible ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း ကြည့် လော့၊ သင့် ကို ဖာ ရော မင်း၏ ဘု ရား အ ရာ ၌ ငါ ခန့် ထား ၍၊ သင့် အစ် ကို အာ ရုန် လည်း သင်၏ ပ ရော ဖက် ဖြစ် ရ လိမ့် မည်။ Judson Bible ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည်၊ သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။ |
ကောင်းကင်တမန်ကလည်း “သင်တောင်းဆိုသော ဤအချက်ကိုလည်း ငါလိုက်လျော၍ သင်ပြောသောမြို့ကို မဖြိုလှဲဘဲနေမည်။
ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားသမီးများဖြစ်ကြ၏။
ငါထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့ကို သတ်မှတ်ပေးတော်မူပြီ။ ထို့ကြောင့် ဆဋ္ဌမနေ့၌ သင်တို့အား မုန့်ကို နှစ်ရက်စာပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေကြလော့။ သတ္တမနေ့၌ မည်သူမျှ မိမိနေရာမှမထွက်သွားကြနှင့်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ဤအရာသည် အသစ်ဖြစ်၏ဟု ဆိုနိုင်သောအရာတစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ရှေးက ဖြစ်ခဲ့ပြီးသောအရာ၊ ငါတို့မရှိမီကဖြစ်ခဲ့ပြီးသောအရာဖြစ်၏။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ဟု မိန့်တော်မူ၏။