ထွက်မြောက် 6:14 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။ အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။ Common Language Bible ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။- Garrad Bible ၎င်း တို့ အိမ် ထောင် များ၏ အ ဘ များ ကို ဆို ပေ အံ့။ ဣ သ ရေ လ သား ဦး ရု ဗင်၏ သား များ မှာ ဟာ နုတ်၊ ဖာ လု၊ ဟေ ဇ ရုံ၊ ကာ မိ တို့ တည်း။ ရု ဗင့် အ ဆက် အ နွယ် များ သည် ထို သို့ ဖြစ် ၏။ Judson Bible ဣသရေလအဆွေအမျိုး သူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလသားဦး ရုဗင်၏သားကား၊ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။ |
သူတို့၏အိမ်ထောင်စုခေါင်းဆောင်များမှာ ဧဖေရ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလ တို့ဖြစ်ပြီး သူတို့သည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ နာမည်ကျော်ကြားသူများ၊ အိမ်ထောင်စုခေါင်းဆောင်များ ဖြစ်ကြ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။
တောလ၏သားများမှာ ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလ တို့ဖြစ်ကြ၏။ သူတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်သကဲ့သို့ ဆွေစဉ်မျိုးဆက်အလိုက်စစ်သူရဲများလည်း ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးလက်ထက်တွင် စစ်သူရဲအရေအတွက်နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိ၏။
ဗေလ၏သားများမှာ ဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ ပေါင်းငါးယောက်ရှိ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ထောင်သုံးဆယ့်လေးဦး ရှိ၏။
ဧဟုဒ၏သားမြေးများမှာ မနာဟတ်မြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ဂေဗမြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများဖြစ်သည့်
ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။
အာရုန်၏သား ဧလာဇာသည် ပုတျေလ၏သမီးတစ်ယောက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် ဖိနဟတ်ကို မွေးဖွားပေး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် လေဝိဘိုးဘေးတို့၏အကြီးအမှူးများ ဖြစ်ကြ၏။
ဒုတိယလ၊ ပထမနေ့၌ လူထုအပေါင်းတို့ကို စုရုံးစေပြီးလျှင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူ တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့မျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းကောက်ယူလေ၏။
မျိုးနွယ်စုအလိုက် ရှိမောင်၏အမျိုးအနွယ်များကား နေမွေလမှဆင်းသက်သော နေမွေလမျိုးနွယ်စု၊ ယာမိန်မှဆင်းသက်သော ယာမိန်မျိုးနွယ်စု၊ ယာခိန်မှဆင်းသက်သော ယာခိန်မျိုးနွယ်စု၊
ဂျော်ဒန်မြစ်ကမ်းရိုးတန်းတစ်လျှောက်သည် ရုဗင်အမျိုးအနွယ်တို့ ရရှိသောအမွေမြေဖြစ်၏။ ဤသည်ကား ရုဗင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် အမွေမြေအဖြစ်ရရှိသော မြို့ရွာများဖြစ်သတည်း။
ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။
ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။