အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ထွက်မြောက် 40:38 - မြန်မာ့စံမီသမ္မာကျမ်း ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ခ ရီး သွား လေ ရာ ရာ တွင် သူ တို့ မျက် မှောက်၌ ထာ ဝ ရ ဘု ရား၏ တိမ် တိုက် သည် နေ့ အ ခါ စံ ရာ တော် အ ပေါ် မှာ တည် လျက် ညဉ့် အ ခါ မီး လျှံ ထွက် လျက် နေ သ တည်း။ Judson Bible ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ |
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။
သူတို့သည် တပ်စခန်းမှ ခရီးပြုကြသောအခါ နေ့အချိန်၌ ထာဝရဘုရား၏မိုးတိမ်သည် သူတို့အပေါ်တွင် တည်၏။
အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။
ထိုသို့ မိုးတိမ်သည် ကိန်းဝပ်တော်မူရာဌာနကို အစဉ်မပြတ်ဖုံးလွှမ်းလျက်၊ ညအချိန်တွင် မီးသဏ္ဌာန်ကဲ့သို့ဖြစ်လျက် နေ၏။