အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
ထွက်မြောက် 40:31 - မြန်မာ့စံမီသမ္မာကျမ်း မောရှေနှင့်တကွ အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရ၏။ Common Language Bible ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။- Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အထဲသို့ ဝင်သော်လည်းကောင်း၊ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်ကြား၌ထား၍ ဆေးကြောရန်ရေကို အင်တုံထဲ၌ ထည့်ထား၏။
သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ယဇ်ပလ္လင်သို့ချဉ်းကပ်သောအခါ၌ဖြစ်စေ ထိုအင်တုံ၌ မိမိတို့ခြေလက်ကိုဆေးကြောကြ၏။
ယေရှုကလည်း“ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်”ဟု မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။