ဆီမီးခုံတွင် မီးခွက်ခုနစ်လုံး လုပ်ရမည်။ ဆီမီးခုံ၏ရှေ့ဘက်၌လင်းစေရန် ထိုမီးခွက်များကို ထွန်းညှိရမည်။
ထွက်မြောက် 40:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းထား၏။ Common Language Bible ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။- Judson Bible ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။ |
ဆီမီးခုံတွင် မီးခွက်ခုနစ်လုံး လုပ်ရမည်။ ဆီမီးခုံ၏ရှေ့ဘက်၌လင်းစေရန် ထိုမီးခွက်များကို ထွန်းညှိရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍
စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။
“မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် ဆီမီးခုံ၏မီးခွက်များကို ဆီမီးခုံ၏အရှေ့ဘက်သို့ လှည့်ထားလေ၏။
ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။