ထွက်မြောက် 40:12 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်နှင့်သူ၏သားတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့်ဆေးကြောပြီးလျှင် Common Language Bible ``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။- Garrad Bible အာ ရုန် နှင့် သား တို့ ကို တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ သို့ ခေါ်၍ ရေ ဆေး ကြော စေ ပြီး လျှင်၊ Judson Bible အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာတံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။ |
တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ လေဝိအမျိုးတို့ကိုခေါ်ဆောင်လာ၍ အစ္စရေးအမျိုးသားလူထုအပေါင်းတို့ကိုလည်း စုရုံးစေရမည်။
ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။
ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။