ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ထား၏။
ထွက်မြောက် 36:9 - မြန်မာ့စံမီသမ္မာကျမ်း ရွက်ထည်တစ်ထည်စီ၏အလျားသည် နှစ်ဆယ့်ရှစ်တောင်၊ အနံသည် လေးတောင်ရှိ၏။ ထိုရွက်ထည်အားလုံးသည် အရွယ်အစားတူ၏။ Common Language Bible ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။- Garrad Bible တင်း တိမ် ရံ များ သည် အ လျား နှစ် ဆယ့် ရှစ် တောင်၊ အ နံ လေး တောင် စီ၊ တင်း တိမ် ရံ ချင်း အ တိုင်း အ ထွာ ညီ မျှ ၏။ Judson Bible ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။ |
ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ထား၏။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။