လိုက်ကာအတွက် ရွှေချိတ်များပါရှိသည့် အကေရှားသစ်သားတိုင်ငါးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ တိုင်များအတွက် အောက်ခံကြေးနီအစွပ်ငါးခုကိုလည်း သွန်းလုပ်ရမည်။
ထွက်မြောက် 36:38 - မြန်မာ့စံမီသမ္မာကျမ်း လိုက်ကာအတွက် ချိတ်များပါရှိသည့် တိုင်ငါးတိုင်ကိုလုပ်၍ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်ကို ရွှေဖြင့်မွမ်းမံ၏။ တိုင်များ၏အောက်ခံအစွပ်ငါးခုကို ကြေးနီဖြင့် သွန်းလုပ်၏။ Common Language Bible ကန့်လန့်ကာအတွက်၊ တိုင်ငါးတိုင်ကိုလုပ်၍၊ ကွင်းများတပ်လျက်၊ တိုင်ထိပ်နှင့်တိုင်ခါးပန်း တို့ကိုရွှေချထား၏။ တိုင်အောက်ခံခြေစွပ်ခုံ ငါးခုကိုကြေးဝါဖြင့်ပြုလုပ်၏။ Garrad Bible ထို ကန့် လန့် ကာ အ ဖို့ မှို နှင့် တ ကွ တိုင် ငါး လုံး ကို လုပ် ပြီး လျှင် တိုင် ထိပ် နှင့် တိုင် ပတ် လည် ကို လည်း ရွှေ နှင့် မွမ်း မံ လေ ၏။ ကြေး အောက် ခံ ခုံ ငါး ခု လည်း ရှိ ၏။ Judson Bible ထိုကုလားကာဖို့ တံစို့နှင့်ပြည့်စုံသော တိုင်ငါးတိုင်ကိုလည်းကောင်း လုပ်၍၊ တိုင်ထိပ်နှင့် တိုင်တန်းတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။ |
လိုက်ကာအတွက် ရွှေချိတ်များပါရှိသည့် အကေရှားသစ်သားတိုင်ငါးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ တိုင်များအတွက် အောက်ခံကြေးနီအစွပ်ငါးခုကိုလည်း သွန်းလုပ်ရမည်။
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။