ဤသို့ ရှောလမုန်မင်းကြီးသည် အိမ်တော်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထားပြီး သန့်ရှင်းရာဌာန၏မျက်နှာစာတွင် ရွှေကြိုးများ သွန်းလုပ်သွယ်တန်းထား၏။
ထွက်မြောက် 36:34 - မြန်မာ့စံမီသမ္မာကျမ်း ဘောင်များကို ရွှေဖြင့်မွမ်းမံ၏။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်၏။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံ၏။ Common Language Bible ဘောင်ခွေတို့ကိုရွှေချ၍၊ ကန့်လန့်ကျင်များ ကိုထိန်းရန် ရွှေကွင်းများတပ်ဆင်ထားသည်။ ကန့်လန့်ကျင်များကိုလည်းရွှေချထား၏။ Garrad Bible ဘောင် ခွေ များ ကို ရွှေ နှင့် မွမ်း မံ လျက် ကန့် လန့် ကျင် ပေါက် ဖြစ် စေ ခြင်း ငှါ ရွှေ ကွင်း များ ကို လုပ်၍ ကန့် လန့် ကျင် များ ကို လည်း ရွှေ နှင့် မွမ်း မံ လေ ၏။ Judson Bible ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။ |
ဤသို့ ရှောလမုန်မင်းကြီးသည် အိမ်တော်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထားပြီး သန့်ရှင်းရာဌာန၏မျက်နှာစာတွင် ရွှေကြိုးများ သွန်းလုပ်သွယ်တန်းထား၏။
ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိရမည်။
ဘောင်များ၏အလယ်တစ်ဝက်ရှိ အလယ်ကန့်လန့်ကျင်ကို တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် ထုတ်ချင်းပေါက်စေ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။