ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်ရမည်။
ထွက်မြောက် 36:24 - မြန်မာ့စံမီသမ္မာကျမ်း ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ်အခုလေးဆယ်လုပ်၏။ Common Language Bible ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။- Garrad Bible ထို ဘောင် ခွေ နှစ် ဆယ် အ ဖို့ ပြော့ နှစ် ချောင်း ရှိ တစ် ခွေ လျှင် အောက် ခံ ခုံ နှစ် ခု၊ ငွေ အောက် ခံ ခုံ လေး ဆယ် ကို လုပ် ၏။ Judson Bible ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဖို့ ငွေခြေစွပ်လေးဆယ်ကိုလုပ်လေ၏။ |
ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်ရမည်။
ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏အခြားတစ်ဖက်ဖြစ်သည့် မြောက်ဘက်ခြမ်းအတွက်လည်း ဘောင်အခုနှစ်ဆယ်လုပ်၏။