အပြာရောင်ချည်ဖြင့်ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် တပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်ရမည်။
ထွက်မြောက် 36:17 - မြန်မာ့စံမီသမ္မာကျမ်း ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်၏။ Common Language Bible ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။- Garrad Bible စပ် သော တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် တစ် ဘက် ၌၊ ကွင်း ငါး ဆယ် စီ ကို လုပ်၍ တပ် လေ ၏။ Judson Bible ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်လေ၏။ |
အပြာရောင်ချည်ဖြင့်ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် တပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ချိတ်ပေးမည့် ကြေးနီချိတ်အခုငါးဆယ်ကိုလည်း လုပ်၏။