သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
ထွက်မြောက် 35:33 - မြန်မာ့စံမီသမ္မာကျမ်း ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။ Common Language Bible ကျောက်မျက်ကိုသွေး၍စီချယ်သောအတတ်၊ သစ်သားပန်းပုထုသောအတတ်အစရှိ သည့်အနုပညာအတတ်အမျိုးမျိုးကို တတ်ကျွမ်းနားလည်နိုင်စွမ်းရှိပေသည်။- |
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။
ဗေဇလေလနှင့် ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သားအဟောလျဘတို့အား သင်ကြားပေးနိုင်သည့်စွမ်းရည်ကို ပေးတော်မူ၏။