သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
ထွက်မြောက် 35:30 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မောရှေက အစ္စရေးအမျိုးသားတို့အား “ကြည့်လော့။ ထာဝရဘုရားသည် ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလကို အမည်နှင့်တကွခေါ်တော်မူ၏။ Common Language Bible မောရှေက ဣသရေလအမျိုးသားတို့ အား``ထာဝရဘုရားသည်ယုဒအနွယ် ဟုရ၏မိသားစုမှ ဥရိ၏သားဗေဇ လေလကိုရွေးချယ်ထားတော်မူ၏။- Garrad Bible တစ် ဖန် မော ရှေ က၊ ကြည့် လော့။ ထာ ဝ ရ ဘု ရား သည် ယု ဒ အ နွယ်၊ ဟု ရ မြေး၊ ဥ ရိ သား၊ ဗေ ဇ လေ လ ကို အ မည် ဖြင့် ထုတ် ခေါ် တော် မူ ၍၊ Judson Bible တစ်ဖန်မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကိုအမည်ဖြင့် ခန့်ထားတော်မူပြီ။ |
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။
ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။