အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည်လည်း မောရှေ၏ရှေ့မှောက်မှထွက်သွားကြ၍
ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေထံမှထွက်ခွာသွားကြလေ၏။-
ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် မော ရှေ ထံ မှ ထွက် သွား ကြ ပြီး လျှင်၊
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှထွက်သွားကြ၍၊
ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်းလုပ်ကြစေ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
စိတ်အားထက်သန်သောသူ၊ စိတ်စေတနာရှိသောသူအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ထိုတဲတော်၏အမှုရှိသမျှ၌အသုံးပြုရန်အတွက်၊ သန့်ရှင်းသောအဝတ်တန်ဆာအတွက် ထာဝရဘုရားထံအလှူပစ္စည်းကို ယူဆောင်လာကြ၏။
သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့် ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။