ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ထွက်မြောက် 35:18 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်ငုတ်တိုင်များနှင့် တဲတော်ဝင်းငုတ်တိုင်များကိုလည်းကောင်း၊ ငုတ်တိုင်များအတွက် ကြိုးများကိုလည်းကောင်း၊ Common Language Bible တဲတော်အတွက်ကြက်ဆူးများ၊ တဲတော်နှင့် တဲတော်ဝင်းအတွက်ကြိုးများ၊- Garrad Bible ကန့် လန့် ကာ ကို လည်း ကောင်း၊ စံ ရာ တော့် ကြက် ဆူး၊ တံ တိုင်း ကြက် ဆူး နှင့် ကြိုး များ ကို လည်း ကောင်း၊ Judson Bible တဲတော်တံသင်၊ ဝင်းတံသင်ကြိုးများကိုလည်းကောင်း၊ |
ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းအဝင်ဝ၏လိုက်ကာကိုလည်းကောင်း၊
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်းလုပ်ကြစေ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားက “သင်၏တဲနေရာကိုကျယ်ဝန်းစေလော့။ သင်၏တဲရွက်ထည်များကိုလည်း ဖြန့်ကြက်လော့။ ချုံ့မထားနှင့်။ ကြိုးတို့ကိုရှည်ရှည်ထားလော့။ ငုတ်တိုင်တို့ကိုလည်း ခိုင်ခံ့စေလော့။
ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
ဝင်းအကာများ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွကြိုးများ၊ ထိုအရာတို့နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အလုပ်ရှိသမျှတို့ကို ဆောင်ရွက်ရမည်။