သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
ထွက်မြောက် 34:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ အစ္စရေးအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်လာကြ၍ မောရှေသည် သိနာတောင်ပေါ်၌ မိမိအား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာရှိသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။ Common Language Bible ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ချဉ်း ကပ် ကြ လျှင် သိ နာ တောင် ပေါ် မှာ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ဆင့် ဆို လေ ၏။ Judson Bible ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရဘုရားမိန့်တော်မူသမျှတို့ကို သူတို့အားဆင့်ဆိုလေ၏။ |
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ ပြဋ္ဌာန်းရမည့်စီရင်ထုံးဖွဲ့ချက်များကား ဤသို့တည်း။
ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။
သို့ရာတွင် မောရှေသည် သူတို့ကိုခေါ်သဖြင့် အာရုန်နှင့်လူထုခေါင်းဆောင်အားလုံးတို့သည် သူ့ထံသို့ပြန်လာကြ၍ မောရှေသည် သူတို့နှင့်စကားပြောလေ၏။
မောရှေသည် သူတို့နှင့်စကားပြောပြီးသောအခါ မိမိမျက်နှာကို မျက်နှာဖုံးဖြင့်ဖုံးအုပ်လေ၏။
မောရှေသည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ကိုစုရုံးစေ၍ သူတို့အား “ထာဝရဘုရားက
ငါ၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ကျင့်ဆောင်ခြင်းဖြင့် သင်တို့သည် သင်တို့၏ဘုရားသခင်အတွက် သန့်ရှင်းသောသူများဖြစ်ကြလိမ့်မည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊