ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။
ထွက်မြောက် 34:3 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။ Common Language Bible သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။- Garrad Bible သင် နှင့် အ တူ မည် သူ မျှ မ တက် ရ။ တစ် တောင် လုံး တွင် လူ မ ရှိ စေ ရ။ တောင် ခြေ မှာ လည်း သိုး၊ နွား မ ကျောင်း စေ ရ ဟု မော ရှေ အား မိန့် တော် မူ ၏။ Judson Bible သင်နှင့်အတူ အဘယ်သူမျှမတက်ရ။ တောင်တစ်ပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ |
ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။
သူသည် မိမိအတွက်၊ မိမိ၏အိမ်သူအိမ်သားအတွက်၊ အစ္စရေးလူအစုအဝေးအပေါင်းတို့အတွက် သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဝင်သောအချိန်မှစ၍ အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး ပြန်ထွက်လာသည့်အချိန်ထိ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိရ။
အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။
အကြောင်းမူကား “တိရစ္ဆာန်ပင် ထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်သတ်ရမည်”ဟူသောအမိန့်တော်ကို သူတို့မခံနိုင်ခဲ့ကြချေ။