ဝတ်ပြု 16:17 - မြန်မာ့စံမီသမ္မာကျမ်း17 သူသည် မိမိအတွက်၊ မိမိ၏အိမ်သူအိမ်သားအတွက်၊ အစ္စရေးလူအစုအဝေးအပေါင်းတို့အတွက် သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဝင်သောအချိန်မှစ၍ အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး ပြန်ထွက်လာသည့်အချိန်ထိ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိရ။ အခန်းကိုကြည့်ပါ။Common Language Bible17 အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်၍ သန့်စင်ခြင်းဝတ်ကိုဆောင်ရွက် သည့်အချိန်မှစ၍ ပြန်ထွက်လာသည့်အချိန် အထိတဲတော်အတွင်း၌မည်သူမျှမရှိ စေရ။ သူသည်မိမိနှင့်မိမိ၏မိသားစု အတွက်လည်းကောင်း၊ ဣသရေလတစ်မျိုး သားလုံးအတွက်လည်းကောင်း အပြစ်ပြေ ခြင်းဝတ်ကိုဆောင်ရွက်ပြီးသောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible17 သန့် ရှင်း ရာ ဌာ န အ တွင်း အ ပြစ် ဖြေ ခြင်း ကို ပြု ရန် ဝင် ရောက်၍ ကိုယ် မှ စ သော အိမ် သူ အိမ် သား တို့ နှင့် ဣ သ ရေ လ တစ် မျိုး လုံး အ စည်း အ ဝေး အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ပြီး လျှင် မ ထွက် မ ချင်း တွေ့ ဆုံ ရာ တဲ တော် တွင် မည် သူ မျှ မ ပါ ရ။ အခန်းကိုကြည့်ပါ။Judson Bible17 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ ဝင်သောအခါ၊ မိမိအဖို့၊ မိမိအိမ်သူအိမ်သားများအဖို့၊ ဣသရေလပရိသတ်အပေါင်းတို့အဖို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မီတိုင်အောင်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲမှာ အဘယ်သူမျှမနေရ။ အခန်းကိုကြည့်ပါ။ |
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်