သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ထွက်မြောက် 34:17 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကိုယ့်အဖို့ ဘုရားရုပ်တုများကို မသွန်းလုပ်ရ။ Common Language Bible ``သတ္တုဖြင့်သွန်းသောဘုရားများပြုလုပ်၍ရှိ မခိုးရ။ Garrad Bible ဘု ရား ရုပ် များ ကို မ သွန်း မ လုပ် ရ။ Judson Bible သင်သည် ကိုယ်အဖို့သွန်းသောဘုရားတို့ကို မလုပ်ရ။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ ဗာလရုပ်တုများကိုလည်း သွန်းလုပ်၏။
သင်တို့သည် ငါနှင့်ယှဉ်၍ သင်တို့အဖို့ ရွှေဘုရားငွေဘုရားများကိုလည်း မပြုလုပ်ရ။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
သင်တို့သည် ရုပ်တုများဘက်သို့ မလှည့်ရ။ ဘုရားအများတို့၏ရုပ်တုကို သင်တို့အဖို့ မသွန်းလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
ငွေစတစ်ထောင့်တစ်ရာကို မိခင်အားပြန်ပေးမည်ပြုသောအခါ မိခင်က “ထိုငွေကို ငါ့သားအတွက် ရုပ်တုထွင်းထုရန်၊ သွန်းလုပ်ရန် ငါကိုယ်တိုင် ထာဝရဘုရားအား ဆက်ကပ်ထားပြီ။ သို့ဖြစ်၍ ထိုငွေကို သင့်အားငါပြန်ပေးမည်”ဟု ဆို၏။