တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
ထွက်မြောက် 31:11 - မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ဆီကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အတွက် အမွှေးနံ့သာပေါင်းကိုလည်းကောင်း သင့်အားငါမိန့်မှာသမျှအတိုင်း ပြုလုပ်ကြရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဘိ သိက် ဆီ နှင့် သန့် ရှင်း ရာ ဌာ န တော် ၌ သုံး ရန် နံ့ သာ ပေါင်း အ သင်း အ ထုံ ကို လည်း ကောင်း၊ ငါ မိန့် မှာ သ မျှ အ တိုင်း လုပ် ဆောင် ကြ ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဖို့ နံ့သာပေါင်းမွှေးကိုလည်းကောင်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်ဟု မိန့်တော်မူ၏။ |
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။