ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ထွက်မြောက် 29:44 - မြန်မာ့စံမီသမ္မာကျမ်း တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကို ငါသန့်ရှင်းစေမည်။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ့သားတို့ကိုလည်း ငါသန့်ရှင်းစေမည်။ Common Language Bible ငါသည်ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်တို့ကို သန့်ရှင်းစေ၍၊ ယဇ်ပုရောဟိတ်များအဖြစ် ငါ ၏အမှုတော်ကိုဆောင်ရန်အာရုန်နှင့်သူ၏ သားတို့ကိုသီးသန့်ရွေးချယ်ခန့်ထားမည်။- Garrad Bible ငါ့ ရှေ့ ပ ရော ဟိတ် အ မှု ဆောင် ရွက် စေ ရန် အာ ရုန် နှင့် သား တို့ ကို လည်း ကောင်း၊ တွေ့ ဆုံ ရာ တဲ တော် နှင့် ပ လ္လင် တော် ကို လည်း ကောင်း၊ ငါ သီး သန့် စေ မည်။ Judson Bible ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်နှင့် သူ၏သားတို့ကိုလည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုလည်းကောင်း၊ ယဇ်ပလ္လင်ကိုလည်းကောင်း၊ ငါသန့်ရှင်းစေမည်။ |
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။
သူ၏သားသမီးတို့ကို ကိုယ့်လူမျိုးအလယ်၌ မရှုတ်ချရ။ အကြောင်းမူကား ငါသည် သူ့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သန့်ရှင်းသောပူဇော်သက္ကာကို စားမိစေခြင်းဖြင့် သူတို့အပေါ် ဒုစရိုက်အပြစ်ဒဏ် မကျရောက်စေရ။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့သည် ငါ၏ညွှန်ကြားချက်ကို ရှုတ်ချခြင်းဖြင့် အပြစ်ခံရ၍ မသေရမည့်အကြောင်း ငါ၏ညွှန်ကြားချက်ကို စောင့်ထိန်းရမည်။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။