တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။
ထွက်မြောက် 29:30 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။ Common Language Bible ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။ Garrad Bible ပ ရော ဟိတ် အ ရိုက် အ ရာ ကို ဆက် ခံ၍ သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ကို ဆောင် ရွက် ရန် တွေ့ ဆုံ ရာ တဲ တော် သို့ ဝင် ရ သော သား သည် ခု နစ် ရက် ပတ် လုံး ဝတ် ဆင် စေ။ Judson Bible အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သောသားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဝင်သောအခါ ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။ |
တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။
တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကိုလွှတ်ပြန်ရာ သူ့ထံသို့ပြန်မလာတော့ပေ။
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
အာရုန်၏သန့်ရှင်းသောအဝတ်တန်ဆာသည် နောင်လာမည့်သူ၏သားမြေးများ ဘိသိက်ပေးခြင်း၊ ခန့်အပ်ခြင်းခံရာတွင် ဝတ်ဆင်ရန်အတွက် ဖြစ်ရမည်။
အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကိုယူ၍ သန့်ရှင်းသောနေရာ၌ အသားကိုပြုတ်ရမည်။
ငါမိန့်မှာလေသမျှအတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ခန့်အပ်ခြင်းမင်္ဂလာကို ခုနစ်ရက်ပတ်လုံး ကျင်းပရမည်။
ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ခုနစ်ရက်ပတ်လုံး ပြုရမည်။ ထိုသို့ စင်ကြယ်စေပြီးမှ ယဇ်ပလ္လင်ကို ဆက်ကပ်ရမည်။
ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
မိမိဖခင်အရိုက်အရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် ဘိသိက်ပေး၍ ခန့်အပ်ခြင်းခံရသော ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ သူသည် သန့်ရှင်းသောအဝတ်တန်ဆာဖြစ်သည့် ပိတ်ချောအဝတ်တန်ဆာကို ဝတ်ဆင်၍
ရှစ်ရက်မြောက်သောနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ အစ္စရေးသက်ကြီးဝါကြီးများကို ခေါ်ပြီးလျှင်
ထို့ကြောင့် အာရုန်သည် ယဇ်ပလ္လင်သို့ချဉ်းကပ်၍ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သော နွားသငယ်ကိုသတ်၏။
မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သူ့သားဧလာဇာအားဝတ်ဆင်ပေးလေ၏။ အာရုန်သည် ထိုတောင်ထိပ်တွင် သေဆုံးလေ၏။ ထို့နောက် မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်မှဆင်းလာကြ၏။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။