ထွက်မြောက် 29:10 - မြန်မာ့စံမီသမ္မာကျမ်း နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။ Common Language Bible ``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။- Garrad Bible ၎င်း ပြင် ဆို ခဲ့ သော နွား ကို တွေ့ ဆုံ ရာ တဲ တော် ရှေ့ သို့ ဆောင် ခဲ့၍ နွား ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။ Judson Bible ထိုနောက်၊ နွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။ |
သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
နောက်သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
သင်သည် ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးနောက် နွားအုပ်ထဲမှ အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးအုပ်ထဲမှ အပြစ်အနာအဆာကင်းသော သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။
သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်။
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
သူသည် မိမိပူဇော်သောနွား၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
သူသည် နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်သို့ ဆွဲခေါ်လာ၍ မိမိလက်ကို နွားထီး၏ခေါင်းပေါ်၌ တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
လေဝိအမျိုးတို့သည် မိမိတို့၏လက်ကို နွားထီးပျိုတို့၏ခေါင်းပေါ်၌တင်ရမည်။ လေဝိအမျိုးတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ထာဝရဘုရားထံ ပူဇော်ရမည်။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။