နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်နှင့်ဆက်လျက်ရှိသော ရင်ခံပြားအတွင်းလွှာ၏အနားစွန်းနှစ်ဖက်၌ တပ်ရမည်။
ထွက်မြောက် 28:27 - မြန်မာ့စံမီသမ္မာကျမ်း နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးနှစ်ချောင်း၏အောက်ဘက်၊ ဧဖုဒ်၏ခါးပတ်ပြားဆက်ရာပေါ်၌ တပ်ရမည်။ Common Language Bible ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။- Garrad Bible အ ခြား ရွှေ နှစ် ကွင်း ကို လည်း လုပ် ၍ ကိုယ် ဝတ် ပ ခုံး သိုင်း အောက် နှစ် စွန်း ရှေ့ ၌ တွယ် ရာ အ နီး၊ ကိုယ် ဝတ် ရင် စည်း အ ထက် တွင် တပ် လော့။ Judson Bible အခြားသော ရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မီရာတွင်၊ သင်တိုင်းကိုယ် တစ်ဖက်တစ်ချက်၌ တပ်ရမည်။ |
နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်နှင့်ဆက်လျက်ရှိသော ရင်ခံပြားအတွင်းလွှာ၏အနားစွန်းနှစ်ဖက်၌ တပ်ရမည်။
ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထားရမည်။
ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်ရမည်။