တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။
ထွက်မြောက် 28:22 - မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်ရမည်။ Common Language Bible ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။- Garrad Bible ရင် လွှမ်း ၌ ရေ စင် နန်း ကြိုး လိမ် နှစ် ပင် နှင့် ရွှေ နှစ် ကွင်း များ ကို လုပ် ပြီး မှ ရင် လွှမ်း နှစ် စွန်း၌ ထို နှစ် ကွင်း ကို လည်း ကောင်း၊ ထို နှစ် ကွင်း၌ ရွှေ နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း တပ် ထား လျက် Judson Bible ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကိုလည်းကောင်း၊ ကျစ်သော ရွှေကြိုးနှစ်ပင်ကိုလည်းကောင်းလုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌တပ်၍၊ သင်တိုင်းသိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။ |
တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။
တိုင်နှင့်တကွ သလဲသီးပုံအလုံးများကို သွန်းလုပ်ပြီး တိုင်ထိပ်အုပ်နှစ်ခုစလုံးရှိ ရာဇမတ်ကွက်တွင် သလဲသီးအတန်းနှစ်တန်းရစ်ပတ်ထားခြင်းဖြင့် အလှဆင်ထား၏။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတို့၏အမည်များအလိုက် စီထားရမည်။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုးရမည်။
ရွှေကွင်းနှစ်ကွင်းကိုလည်း လုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်ရမည်။