ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။
ထွက်မြောက် 26:9 - မြန်မာ့စံမီသမ္မာကျမ်း ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်၍ ဆဋ္ဌမရွက်ထည်ကို တဲတော်၏ရှေ့ပိုင်း၌ ခေါက်တင်ရမည်။ Common Language Bible အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။- Garrad Bible တင်း တိမ် ရံ တစ် ထည် ကို ငါး ထည်၊ တစ် ထည် ကို ခြောက် ထည် စပ်၍၊ ဆ ဌ မ အ စပ် ကို တဲ တော် ဦး၌ ခေါက် တင် လော့။ Judson Bible ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်းချုပ်၍၊ ဆဋ္ဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။ |
ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။
ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်ရမည်။
ရွက်ထည်တစ်ထည်စီ၏အလျားသည် အတောင်သုံးဆယ်၊ အနံသည် လေးတောင်ရှိရမည်။ ထိုရွက်ထည်တစ်ဆယ့်တစ်ထည်သည် အရွယ်အစားတူရမည်။