အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှားသစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။
ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။-
ငွေ အောက် ခံ ခုံ လေး ခု တွင် စွပ် ထား သော ရွှေ မွမ်း ရှား တိုင် လေး လုံး ထိပ်၊ ရွှေ မှို၌ ဆွဲ ထား လော့။
ရွှေချသော အကာရှသားတိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်လည်းကောင်း၊ ငွေခြေစွပ်လေးခုနှင့်လည်းကောင်း ပြည့်စုံရမည်။
အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။
အနီရောင်ဆိုးထားသောသိုးထီးသားရေ၊ တဟာရှသားရေ၊ အကေရှားသစ်သား၊
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
လိုက်ကာအတွက် ရွှေချိတ်များပါရှိသည့် အကေရှားသစ်သားတိုင်ငါးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ တိုင်များအတွက် အောက်ခံကြေးနီအစွပ်ငါးခုကိုလည်း သွန်းလုပ်ရမည်။
လိုက်ကာအတွက် ချိတ်များပါရှိသည့် တိုင်ငါးတိုင်ကိုလုပ်၍ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်ကို ရွှေဖြင့်မွမ်းမံ၏။ တိုင်များ၏အောက်ခံအစွပ်ငါးခုကို ကြေးနီဖြင့် သွန်းလုပ်၏။