ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။
ထွက်မြောက် 26:11 - မြန်မာ့စံမီသမ္မာကျမ်း ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။ Common Language Bible ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။- Garrad Bible ကြေး ချိတ် ငါး ဆယ် ကို လည်း လုပ် ၍ ကွင်း များ၌ ချိတ် လျက်၊ တစ် ဆောင် တည်း ဖြစ် စေ ရန် တဲ ကို စပ် လော့။ Judson Bible ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်းဖြစ်ရမည်။ |
ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။
တဲတော်၏ရွက်ထည်များမှ ပိုနေသည့် ရွက်ထည်တစ်ဝက်ကို ကိန်းဝပ်တော်မူရာတဲတော်၏နောက်ပိုင်း၌ တွဲလျားချထားရမည်။
ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ရမည်။
ရွှေချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး ကိန်းဝပ်တော်မူရာတဲတော် တစ်ဆောင်တည်းဖြစ်စေရန် ထိုချိတ်များဖြင့် ရွက်ထည်တစ်တွဲနှင့်တစ်တွဲ တွဲထားရမည်။