ထိုအခါ အာဗြဟံက မိမိငယ်သားတို့အား “သင်တို့သည် ဤအရပ်တွင် မြည်းနှင့်အတူနေခဲ့ကြလော့။ ငါနှင့်သူငယ်သည် ထိုအရပ်သို့သွား၍ ရှိခိုးကိုးကွယ်ခြင်းကိုပြုပြီးမှ သင်တို့ထံသို့ပြန်လာမည်”ဟု ဆို၏။
ထွက်မြောက် 24:14 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက သက်ကြီးဝါကြီးတို့အား “သင်တို့ထံသို့ ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာ၌ ငါတို့ကိုစောင့်နေကြလော့။ ကြည့်လော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆို အမှုအခင်းရှိလျှင် သူတို့ထံသို့သွားစေ”ဟု မှာကြားခဲ့၏။ Common Language Bible မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။ Garrad Bible လူ ကြီး တို့ အား ငါ တို့ ပြန် လာ သည့် တိုင် အောင် ဤ အ ရပ်၌ စောင့် နေ ကြ လော့။ အာ ရုန် နှင့် ဟု ရ တို့ သည် သင် တို့ နှင့် အ တူ ရှိ သည် ဖြစ်၍ မည် သူ မ ဆို အ မှု ရှိ လျှင် သူ တို့ ထံ သွား စေ ဟု မှာ ထား ပြီး မှ၊ Judson Bible အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။ |
ထိုအခါ အာဗြဟံက မိမိငယ်သားတို့အား “သင်တို့သည် ဤအရပ်တွင် မြည်းနှင့်အတူနေခဲ့ကြလော့။ ငါနှင့်သူငယ်သည် ထိုအရပ်သို့သွား၍ ရှိခိုးကိုးကွယ်ခြင်းကိုပြုပြီးမှ သင်တို့ထံသို့ပြန်လာမည်”ဟု ဆို၏။
ယောရှုသည်လည်း သူ့အားမောရှေပြောသည့်အတိုင်းပြု၍ အာမလက်လူမျိုးတို့ကိုတိုက်လေ၏။ မောရှေ၊ အာရုန်နှင့် ဟုရ တို့မူကား တောင်ကုန်းထိပ်သို့ တက်သွားကြ၏။
မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။
သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။
ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။