အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 23:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခြောက်​ရက်​ပတ်လုံး သင်​၏​အလုပ်​တို့​ကို​လုပ်​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ သို့ပြုလျှင် သင်​၏​နွား​၊ မြည်း​တို့​သည် နား​ရ​၍ သင့်​ကျွန်မ​၏​သား​နှင့်​တိုင်းတစ်ပါးသား​တို့​သည်​လည်း အနားယူခွင့်​ရ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ခြောက် ရက် အ တွင်း အ လုပ် လုပ် ၍ သ တ္တ မ နေ့ ၌ သင် တို့ နွား မြည်း များ နား နေ ခွင့် ရ လျက်၊ ငယ် သား များ၊ ဝင် နေ သူ များ လည်း သက် သာ ရ ကြ စေ ရန် ငြိမ် ဝပ် စွာ နေ ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 23:12
13 ပူးပေါင်းရင်းမြစ်များ  

ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​တိုင်ရာ​မြို့သား​တို့​သည်​လည်း ငါး​နှင့်​ကုန်စည်​အမျိုးမျိုး​ကို​ယူဆောင်​လာ​၍ ဥပုသ်နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ ယုဒ​လူ​တို့​အား ရောင်းချ​ကြ​၏​။


မောရှေ​က​လည်း “​ဤ​အရာ​ကား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ဖြစ်​၏​။ မနက်ဖြန်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​ဥပုသ်နေ့​ဖြစ်​၏​။ ထို​မုန့်​ကို သင်​တို့​ဖုတ်​လို​လျှင် ဖုတ်​လော့​။ ပြုတ်​လို​လျှင် ပြုတ်​လော့​။ ပို​သမျှ​ကို သင်​တို့​အတွက် ချန်ထား​ပြီး နံနက်​တိုင်အောင်​သိမ်း​ထား​လော့​”​ဟု သူ​တို့​အား​ဆို​၏​။


သတ္တမ​နှစ်​၌​ကား ထို​မြေ​ကို မထွန်ယက်​ဘဲ အလွတ်​ထား​ရ​မည်​။ သို့ပြုလျှင် သင့်​အမျိုးသား​ထဲမှ နွမ်းပါး​သူ​တို့ စား​ရ​ကြ​လိမ့်မည်​။ အကြွင်းအကျန်​တို့​ကို​လည်း တောရိုင်းတိရစ္ဆာန်​တို့ စား​ရ​ကြ​လိမ့်မည်​။ သင်​၏​စပျစ်ခြံ​၊ သံလွင်ခြံ​တို့​ကို​လည်း ထို့အတူ​ပြု​ရ​မည်​။


ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ ထွန်ယက်​ချိန်​ဖြစ်စေ​၊ ရိတ်သိမ်း​ချိန်​ဖြစ်စေ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။


‘ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် သင်​တို့​အဖို့ သန့်ရှင်း​သော​နေ့​၊ ထာဝရဘုရား​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့ ဖြစ်​ရ​မည်​။ ထို​နေ့​၌ အလုပ်​လုပ်​သော​သူ​မည်သူမဆို အသတ်​ခံရ​မည်​။


မည်သည့်​အရပ်​၌ သင်​တို့​နေထိုင်​သည်​ဖြစ်စေ ဥပုသ်နေ့​တွင် မီး​မ​မွှေး​ရ​’​ဟူသော သင်​တို့​လိုက်နာ​ရ​မည့် ပညတ်​တို့​ကို မိန့်မှာ​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


သူ​တို့​က “​အကျွန်ုပ်​တို့ အဘယ်ကြောင့် အစာရှောင်​ရ​မည်နည်း​။ အကျွန်ုပ်​တို့​အစာရှောင်​သည်​ကို ကိုယ်တော်​မြင်​တော်​မ​မူ​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်​နှိမ့်ချ​ရ​မည်နည်း​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​သည်​ကို ကိုယ်တော်​သိမှတ်​တော်​မ​မူ​”​ဟု ဆို​ကြ​၏​။ အကယ်စင်စစ် သင်​တို့​သည် အစာရှောင်​ရာ​နေ့​၌ ကိုယ့်​အလိုရှိ​ရာ​ကို ကိုယ်​လုပ်​ကြ​၏​။ အလုပ်သမား​များ​ကို အဓမ္မ​စေခိုင်း​ကြ​၏​။


ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ထို​နေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်​၏​။


တစ်ဖန် သူ​တို့​အား“ဥပုသ်နေ့​သည် လူ​အတွက်​ဖြစ်လာ​၏။ လူ​သည် ဥပုသ်နေ့​အတွက်​ဖြစ်လာ​သည်​မ​ဟုတ်။


သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။