အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 22:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ၌ ငွေ​၊ သို့မဟုတ် ပစ္စည်း​ကို ထိန်းသိမ်း​ပေး​ရန်​အပ်ထား​ရာ သူခိုး​သည် ၎င်း​တို့​ကို အပ်ထား​သော​အိမ်​မှ​ခိုးယူ​၍ သူ့​ကို​ဖမ်းမိ​လျှင် သူ​သည် နှစ်ဆ​အလျော်ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မည် သူ မ ဆို သူ တစ် ထူး ထံ၊ ရွှေ ငွေ၊ အ သုံး အ ဆောင် ကို စောင့် ထိန်း ရန် အပ် ထား စဉ် ထို သူ့ အိမ် မှ ခိုး ယူ ရာ သူ ခိုး ကို ဖမ်း မိ လျှင် နှစ် ဆ လျော် စေ။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​တစ်​ဦး​သည် အိမ်​နီး​ချင်း​တစ်​ဦး​၌ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​အပ်​နှံ၍၊ အပ်​နှံ​ခံ​သော​သူ၏​အိမ်​မှ သူ​ခိုး​ခိုး​သွား​လျှင်၊ သူ​ခိုး​ကို​တွေ့​မိ​သော​အ​ခါ နှစ်​ဆ​လျော်​စေ။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 22:7
10 ပူးပေါင်းရင်းမြစ်များ  

ခိုးယူ​ထား​သော​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ​၊ သိုး​ဖြစ်စေ သူ့​လက်​ထဲ၌ အသက်ရှင်​လျက် အမှန်တကယ်​ပြန်တွေ့​လျှင် နှစ်ဆ​အလျော်ပေး​ရ​မည်​။


တစ်စုံတစ်ဦး​သည် မီးရှို့​ရာ ဆူးပင်​များ​သို့​ကူး​ပြီး ကောက်လှိုင်း​ကို​ဖြစ်စေ​၊ ကောက်ပဲသီးနှံ​ကို​ဖြစ်စေ​၊ လယ်​ကို​ဖြစ်စေ လောင်ကျွမ်း​လျှင် သူ​သည် မုချ​အလျော်ပေး​ရ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် ဖမ်းမိ​သော​သူခိုး​အရှက်ကွဲ​သကဲ့သို့ အရှက်ကွဲ​ရ​လိမ့်မည်​။


မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


“​တစ်စုံတစ်ယောက်​သည် အပ်နှံပစ္စည်း​၊ အာမခံပစ္စည်း​၊ လုယက်ယူ​သော​ပစ္စည်း​တို့​နှင့်​ပတ်သက်၍ မိမိ​၏​အိမ်နီးချင်း​ကို​လှည့်စား​ခြင်း​ဖြင့်​လည်းကောင်း​၊ မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်ပြု​ခြင်း​ဖြင့်​လည်းကောင်း အပြစ်ပြု​၍ ထာဝရဘုရား​ရှေ့​တော်​၌ မှားယွင်းမှု​ကို​ပြု​လျှင်​၊


မဟုတ်မမှန်​ကျိန်ဆို​ထား​သော​အရာ​အားလုံး​နှင့်​ပတ်သက်၍ တန်ရာတန်ကြေး​အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​သော​နေ့​၌ပင် သက်ဆိုင်သူ​ကို အလျော်ပေး​ရ​မည်​။


ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။


သူခိုး​များ၊ လောဘ​လွန်ကျူး​သူ​များ၊ သောက်​စား​မူးယစ်​သူ​များ၊ ဝေဖန်​ပုတ်ခတ်​သူ​များ​နှင့် လိမ်လည်​လုယူ​သူ​များ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်။