ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
ထွက်မြောက် 22:16 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် စေ့စပ်ထားသူမရှိသောအပျိုကညာကိုသွေးဆောင်၍ သူနှင့်အိပ်လျှင် မင်္ဂလာကြေးမဖြစ်မနေပေးရမည်။ မိမိ၏မယားအဖြစ် ယူရမည်။ Common Language Bible ``လူတစ်ဦးသည်စေ့စပ်ကြောင်းလမ်း၍မထား သောမိန်းမပျိုတစ်ယောက်ကိုသွေးဆောင်ပေါင်း သင်းခဲ့လျှင်၊ သူသည်မင်္ဂလာလက်ဖွဲ့ကြေးပေး ၍ထိုမိန်းမကိုလက်ထပ်ယူရမည်။- Garrad Bible အ ကြင် သူ သည် မ မှန်း သေး သော အ ပျို က ညာ ကို ဖြား ယောင်း၍ အိပ် စက် လျှင် ထို သူ သည် မ ယား ဖြစ် ရန် ကန် တော့ ဥ စ္စာ တင် သွင်း စေ။ Judson Bible မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ |
ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
မိုးကောင်းကင်၌လင်းယုန်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်၌မြွေသွားရာလမ်း၊ ပင်လယ်အလယ်၌သင်္ဘောသွားရာလမ်းနှင့် မိန်းမပျိုနှင့်အတူယောက်ျားသွားရာလမ်းတို့ဖြစ်ကြ၏။
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။