မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။
ထွက်မြောက် 22:15 - မြန်မာ့စံမီသမ္မာကျမ်း ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။ Common Language Bible သို့ရာတွင်ပိုင်ရှင်ရှေ့၌ဒဏ်ရာရသေဆုံးခဲ့ သော်ငှားသူကမလျော်ရ။ အကယ်၍တိရစ္ဆာန် ကိုအခနှင့်ငှားလျှင်၊ ဒဏ်ရာရသေဆုံးမှု အတွက်ပိုင်ရှင်အားလျော်ရန်မလို။ ငှားခ ကိုသာပေးစေရမည်။ Garrad Bible ဥ စ္စာ ရှင် ပါ လျှင် မ လျော် ရ။ ပ ခုံး ခွန် နှင့် ဖြစ် က ပ ခုံး ခွန် တွင် ပြေ ငြိမ်း ပြီ။ Judson Bible ဥစ္စာရှင်ပါလျှင်၊ ငှားသောသူသည် မလျော်ရ။ အခနှင့် ငှားလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။ |
မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံမှ တိရစ္ဆာန်ကိုငှားယူ၍ ပိုင်ရှင်အတူမရှိစဉ် ဒဏ်ရာရလျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေ မုချအလျော်ပေးရမည်။
တစ်စုံတစ်ဦးသည် စေ့စပ်ထားသူမရှိသောအပျိုကညာကိုသွေးဆောင်၍ သူနှင့်အိပ်လျှင် မင်္ဂလာကြေးမဖြစ်မနေပေးရမည်။ မိမိ၏မယားအဖြစ် ယူရမည်။
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။