ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
ထွက်မြောက် 22:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ Common Language Bible ``လူတစ်ဦးက သိုး၊ နွား၊ မြည်းအစရှိသော တိရစ္ဆာန်တစ်ကောင်ကိုတစ်စုံတစ်ယောက်သော သူထံ၌အပ်နှံထားသောအခါ၊ ထိုတိရစ္ဆာန် သေလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင်ဖြစ် စေ၊ လုယူသွားခြင်းခံရလျှင်ဖြစ်စေ သက်သေမရှိခဲ့သော်၊- Garrad Bible မည် သူ မ ဆို၊ နွား၊ မြည်း၊ သိုး၊ ဆိတ် စ သော တိ ရ စ္ဆာန် ကို သူ တစ် ထူး ထံ ထိန်း ကျောင်း ရန် အပ်၍ မျက် ကွယ်၌ ထို တိ ရ စ္ဆာန် သေ သည် ဖြစ် စေ၊ အင်္ဂါ ပျက် ယွင်း သည် ဖြစ် စေ၊ တိုက် ယူ သည် ဖြစ် စေ၊ Judson Bible လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစ်စုံတစ်ခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်လည်းကောင်း၊ ထိခိုက်၍ နာသော်လည်းကောင်း၊ သက်သေမရှိဘဲ သူတစ်ပါးမောင်း၍သွားသော်လည်းကောင်း၊ |
ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
သူတို့နှစ်ဦးကြား၌ မိမိအိမ်နီးချင်း၏ဥစ္စာကိုမယူကြောင်း ထာဝရဘုရားရှေ့တော်တွင် ကျိန်ဆိုသည့်အတိုင်း ပိုင်ရှင်သည်လက်ခံရမည်။ ထိန်းသိမ်းထားသောသူသည်လည်း အလျော်မပေးရ။
နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် မဖြောင့်မတ်သောလောကီစည်းစိမ်၌ သစ္စာမရှိကြလျှင် စစ်မှန်သောစည်းစိမ်ကို မည်သူက သင်တို့၌ ယုံကြည်အပ်နှံထားမည်နည်း။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။