တစ်စုံတစ်ဦးသည် မိမိ၏သမီးကို ကျွန်အဖြစ်ရောင်းလျှင် ထိုကျွန်မသည် ကျွန်ယောက်ျားထွက်သွားသကဲ့သို့ မထွက်သွားရ။
``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
မည် သူ မ ဆို ကိုယ့် သ မီး ကို ကျွန် အ ဖြစ် ရောင်း လျှင်၊ ထို မိန်း မ သည် ဆို ခဲ့ သော ကျွန် ယောက်ျား နည်း တူ ထွက် ရ မည် မ ဟုတ်။
အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။
သခင်သည် သူ့အား ဘုရားသခင်၏ရှေ့တော်သို့ခေါ်ဆောင်လာရမည်။ သူ့အား တံခါး၊ သို့မဟုတ် တံခါးတိုင်သို့ခေါ်ဆောင်လာ၍ သခင်သည် သူ၏နားရွက်ကို စူးဖြင့်ဖောက်ရမည်။ သူသည် အစဉ်အမြဲအစေခံရမည်။
သခင်သည် ထိုကျွန်မကို မိမိအတွက်ရွေးချယ်ပြီးမှ မနှစ်မြို့လျှင် ကျွန်မအား သူ့ကိုယ်သူ ပြန်ရွေးခွင့်ပေးရမည်။ သခင်သည် သူ့အပေါ် သစ္စာမဲ့သည်ဖြစ်၍ တစ်ပါးအမျိုးသားအား ရောင်းခွင့်မရှိ။