ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။
ထွက်မြောက် 21:36 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် နွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်းသိသော်လည်း ပိုင်ရှင်သည် ထိုနွားကို မထိန်းသိမ်းလျှင် နွားတစ်ကောင်အတွက် နွားတစ်ကောင်ကို မုချအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။ Common Language Bible သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။ Garrad Bible သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို သိ လျက် နွား ရှင် မ စောင့် ရှောက်၍ ဖြစ် လျှင် နွား အ စား နွား ကို မု ချ လျော် ပေး စေ။ သေ သော နွား ကို ကား ပိုင် စေ။ Judson Bible ၎င်းနည်း နွားသည် အထက်ကခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကိုအမှန်လျော်ရမည်။ |
ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။
တစ်စုံတစ်ဦး၏နွားသည် မိမိအိမ်နီးချင်း၏နွားကို ဝှေ့သတ်လျှင် ရှင်သောနွားကိုရောင်း၍ ငွေကိုခွဲယူကြရမည်။ သေသောအကောင်ကိုလည်း ခွဲယူကြရမည်။
တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် တစ်ကောင်အတွက်တစ်ကောင် အလျော်ပေးရမည်။